Forex Market ဆိုတာဘာလဲ


Forex ဆိုတာကတော့ Foreign (နိုင်ငံခြား) နှင့် Exchange (လဲလှယ်ခြင်း) ကို ပေါင်းစပ်ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ နိုင်ငံခြားငွေကြေးလဲလှယ်ခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ နိုင်ငံများရဲ့ ငွေကြေးတစ်ခုကနေ တစ်ခုကို လဲလှယ်ခြင်း ကို Foreign Exchange (Forex) လို့ ခေါ်ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် ငွေကြေး အရောင်းအဝယ်ပြုလုပ်ခြင်းလို့ လဲ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။

Forex လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ Online ပေါ်တင် Trade နေကြတဲ့ Forex Market ကိုတင်ဆိုလိုတာ မဟုတ်ပါဘူး။ Bank တွေမှာ ငွေကြေးလဲလှယ်တာတွေ၊ လေဆိပ် နဲ့ အခြားနေရာတွေက Curreny Exchanger တွေဟာလည်း Forex Market မှာပါဝင်နေပါတယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်သွယ်မှုများမှာလည်း Forex ဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပါဝင်နေပါတယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ခရီးသွားလာခြင်းတွေမှလည်း Forex ဟာပါဝင်နေပါတယ်။

ဥပမာ အားဖြင့် သင့်က Laptop တစ်လုံးဝယ်မယ်ဆိုပါစို့။ မြန်မာပြည် ရန်ကုန်မြို့မှာတော့ ဆိပ်ကမ်းသာလမ်းက ဆိုင်တစ်ဆိုင်မှာသွားပြီး မြန်မာငွေကြေးနဲ့ လွယ်လွယ်ကူကူ ဝယ်လို့ရပါတယ်။ ဒါပေမယ့် အဲဒီ Laptop ကို မြန်မာပြည်ထဲရောက်လာဖို့နဲ့၊ ဆိုင်ပေါ်မှာတင်ရောင်းဖို့ အတွက်ကို ဆိုင်ရှင်(သို့) ကုန်ပစ္စည်းဖြန့်ဝေသူဟာ သက်ဆိုင်ရာ နိုင်ငံမှ သက်ဆိုင်ရာ ငွေးကြေးနှင့် ဝယ်ယူလာရပါတယ်။ ထို့သို ဝယ်ယူရန်အတွက် မြန်မာငွေ (ကျပ်) နှင့် သက်ဆိုင်ရာငွေကြေး (Laptop ဝယ်ရန် လိုအပ်သည့် ငွေကြေး) ကိုလဲလှယ်ခြင်း မလွဲမသွေပြုလုပ်ရပါတယ်။ ဒါဟာ အသေးစားကုန်သွယ်မှု တစ်ခုအနေဖြင့် Forex Market မှာ ငွေကြေးလဲလှယ်လိုက်ခြင်းပင်ဖြစ်ပါတယ်။ အကြီးစားအနေဖြင့် ဆိုလျှင် ကမ္ဘာရေနံဆီဈေးကွက်ကြီးမှာ ရေနံကို US Dollar နဲ့ပေးချေရပါတယ်။ ဒါကြောင့် မက္ကဆီကို က ဆော်ဒီအာရေဗီရ က ရေနံဆီဝယ်လိုတယ် ဆိုရင် Dollar နဲ့သာဝယ်ရပါမယ်။ မက္ကဆီကိုဆီမှာ US Dollar မရှိတဲ့အခါ သူတို့ရဲ့ Pesos ကိုရောင်းပြီး US Dolar ဝယ်ရပါမယ်။ သို့မှသာ ရေနံဝယ်ယူနိုင်မှာဖြစ်ပါတယ်။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ ခရီးသွားလာခြင်းမှာတော့ ပိုမိုရှင်းရှင်းလင်းလင်း မြင်သာပါလိမ့်မယ်။ သင့်အနေနဲ့ အခြားနိုင်ငံကို သွားမည် ဆိုတာနဲ့ သင့်သွားမည့် နိုင်ငံရဲ့ သက်ဆိုင်ရာငွေကြေးကို လေဆိပ်မှာသော်လည်းကောင်း အခြား Currency Exchanger တစ်ခုခု မှာသော်လည်းကောင်း ဝယ်ယူကြရပါတယ်။ ပြီးမှသင်သွားလိုရာ နိုင်ငံများကို သွားရောက်ကြရပါတယ်။ ဒါဟာဆိုရင်လည်း Forex Market ထဲမှာ သင့်အနေနဲ့ပါဝင်ရောင်းဝယ်လိုက်တာဖြစ်ပါတယ်။

အပေါ်မှာ ဝယ်ယူကြရတယ်လို့ပြောခဲ့ပါတယ်။ တကယ်တော့ ဝယ်ယူခြင်း (ရောင်းချခြင်း) နှင့် လဲလှယ်ခြင်းဟာ သဘောတရားအားဖြင့် အတူတူပင်ဖြစ်ပါတယ်။ သို့သော် မတူညီခြင်း တစ်ခုကို အသေးစိတ်ပြောပြလိုပါတယ်။

ဝယ်ယူခြင်း (ရောင်းချခြင်း) ဟု ပြောဆိုသုံးစွဲလျှင် ဝယ်ယူ (ရောင်းချ) လိုက်သည့် ပစ္စည်းတစ်မျိုးထည်းရဲ့ နာမယ်ကို ပြောပြရုံနှင့် ငွေ နှင့် ထိုပစ္စည်း လဲလှယ်လိုက်ကြောင်းကို အားလုံးကနားလည်ကြပါတယ်။ ဥပမာ - “ကားဝယ်လိုက်တယ်” လို့ကြားတာနဲ့ ကား နဲ့ ငွေကြေး (ကျပ်) နဲ့ကို လဲလှယ်လိုက်တယ်ဆိုတာ အားလုံးက နားလည်လိုက်ကြပါတယ်။ ပြောသောစကားလုံး များထဲမှာ ငွေကြေး (ကျပ်) မပါပေမယ့် “ဝယ်” (သို့) “ရောင်း” ဆိုသော စကားလုံးများအရ ငွေကြေးနှင့် လဲလှယ်လိုက်ခြင်းဆိုတာ အားလုံးက သဘောပေါက်ထားကြပါတယ်။

လဲလှယ်ခြင်း ဟု ပြောဆိုသုံးစွဲလျှင်တော့ လဲလှယ်မည့် ပစ္စည်း နှစ်မျိုးလုံးရဲ့ အမည်ကို ပြောဆိုဖို့လိုလာပါပြီ။ ဥပမာ - အသားနှင့် ဆန် နှင့် လဲလှယ်လိုက်တယ်။ ငါ့အိမ် နဲ့ သူ့ကားနဲ့ လဲလိုက်တယ်။ စသဖြင့် လဲလှယ်သည့် ပစ္စည်း နှစ်ခုလုံးရဲ့ အမည်ကိုပြောဆိုရပါတယ်။

Forex မှာဆိုရင် Exchange လို့သုံးထားတဲ့အတွက် “လဲလှယ်ခြင်း” ကိုသုံးစွဲထားတာဖြစ်ပါတယ်။ ထို့ကြောင့် Forex မှာဆိုရင် လလှယ်ရမယ့် ပစ္စည်း (Currency နှစ်မျိုး) လုံးကိုပြောဖို့လိုအပ်ပါတယ်။ အဲဒါကို Currency Pairs လို့ခေါ်ပါတယ်။ Currency Pairs ကိုမပြောခင်မှာ Currency Symbols တွေအကြောင်းကိုအရင်ပြေပါမယ်။

Currency Symbols
ငွေကြေး သင်္ကေတ (Currency Symbol) တွေတိုင်းကို စာလုံးသုံးလုံးနဲ့ သတ်မှတ်ကြ ပါတယ်။ ပထမ နှစ်လုံးကို နိုင်ငံရဲ့ သင်္ကေတ အဖြစ်သတ်မှတ်ပြီး နောက်ဆုံး တစ်လုံးကို ငွေကြေးရဲ့  သင်္ကေတ အဖြစ် သတ်မှတ်ကြပါတယ်။

          ဥပမာ - မြန်မာကျပ် ငွေကို Myanmar Kyats = MMK

                                                United States Dollar= USD

                MM ဆိုတာက မြန်မာ ကို ဆိုလိုပြီးKက ကျပ် ကိုဆိုလိုတာပါ။

            USဆိုတာက United States ကို ဆိုလိုပြီး Dက Dollar ကိုဆိုလိုတာပါ။

အောက်မှာ Major Currencies တွေနဲ့ ဥပမာပေးထားပါတယ်။ Major Currencies ဆိုတာကတော့ ကမ္ဘာမှာ စီးပွားရေးအခိုင်မာဆုံးနိုင်ငံတွေရဲ့ အခိုင်မာဆုံးနဲ့ အသုံးအများဆုံး ငွေကြေးတွေဖြစ်ပါတယ်။

Major Currencies

Symbol
Country
Currency
Nickname
USD
United States
Dollar
Buck
EUR
Euro zone members
Euro
Fiber
JPY
Japan
Yen
Yen
GBP
Great Britain
Pound
Cable
CHF
Switzerland
Franc
Swissy
CAD
Canada
Dollar
Loonie
AUD
Australia
Dollar
Aussie
NZD
New Zealand
Dollar
Kiwi