တိုတိုနဲ့ ရှင်းရှင်း ပြောရရင်တော့ ငွေကြေးတွေကို အရောင်းအဝယ်လုပ်ကြတာဖြစ်ပါတယ်။ Currency Pair တွေကို အရောင်းအဝယ်လုပ်ကြမှာဖြစ်ပါတယ်။ အရောင်းအဝယ်လုပ်ကြတယ် ဆိုတာထက် လဲလှယ်တယ်လို့သုံးစွဲရမှာဖြစ်ပါတယ်။ ဟုတ်ပါပြီး ဘာတွေကို အလဲအလှယ်လုပ်ကြတာလဲ သိဖို့ ဆိုရင် Currency Pair အကြောင်းကိုပြောရပါတော့မယ်။
Currency Pair တွေကို ပြောတဲ့အခါမှာ Currency နှစ်ခုကြားမှာ / ခံပြီးပြောကြလေ့ရှိပါတယ်။
ဥပမာ - USD/MMK , ဒါဟာ Currency Pair တစ်ခုဖြစ်ပါတယ်။ ဆိုလိုတာကတော့ US Dollar တစ်ယူနစ် ( 1$) နဲ့ မြန်မာငွေနဲ့ လဲလှယ်မယ် လို့ဆိုတဲ့သဘောဖြစ်ပါတယ်။ ဒီနေရာမှာတော့ Currency Pair တွေအကြောင်းကိုဘဲ အဓိကပြောသွားပါမယ်။ Forex Market မှာ ကျွန်တော်တို့ ဘယ် Currency Pair တွေကို အာရုံစိုက်သင့်တယ်။ ဘယ် Currency Pair တွေကတော့ တည်ငြိမ် ခိုင်မာတယ် ဆိုတာကိုဘဲ ဒီအခန်းမှာလေ့လာကြရအောင်ပါ။
Currency Pair နဲ့ ပတ်သက်တဲ့ အခြားသိသင့်တာတွေကိုတော့ နောက်တစ်ခန်းမှာလေ့လာကြရအောင်ပါ။
အိုကေ….။
Currency Pair ကို သုံးမျိုးခွဲခြားထားကြပါတယ်။ ကျွန်တော်ခွဲထားတာတော့ မဟုတ်ဘူးဗျ။ အိုကေ အဲဒီသုံးမျိုးကတော့။
- Major Currency Pairs
- Minor Currency Pairs
- Exotic Currency Pairs တို့ဘဲဖြစ်ပါတယ်။
Major Currency Pairs
Forex Market ဆိုတာဘာလဲ ပိုစ့် က ဇယားမှာ ကျွန်တော်Major Currencies တွေကို ရေးသား ခဲ့ပါတယ်။
ဟုတ်ပါပြီ…. ။ အလွယ်အားဖြင့် မှတ်ရင်တော့ USD နဲ့ Major Currencies တွေရဲ့ အတွဲတွေကို Major Pairs လို့ခေါ်ပါတယ်။ Major Pairs တွေဟာ အရောင်းအဝယ် အများဆုံးအတွဲတွေပါ။ အခိုင်မာဆုံး၊ အတည်ငြိမ်ဆုံး အတွဲတွေ လို့လဲ ပြောလို့ရပါတယ်။ အောက်က ဇယားက Currency Pairs တွေကတော့ Major Pairs တွေပါ။
Currency Pair
|
Countries
|
FX Geek Speak
|
EUR/USD
|
Euro zone / United States
|
“euro dollar”
|
USD/JPY
|
United States / Japan
|
“dollar yen”
|
GBP/USD
|
United Kingdom / United States
|
“pound dollar”
|
USD/CHF
|
United States/ Switzerland
|
“dollar swissy”
|
USD/CAD
|
United States / Canada
|
“dollar loonie”
|
AUD/USD
|
Australia / United States
|
“aussie dollar”
|
NZD/USD
|
New Zealand / United States
|
“kiwi dollar”
|
Cross-Currency Pairs or Minor Currency Pairs
Major Currencies အတွဲတွေထဲကမှ USD မပါတဲ့ အတွဲတွေကိုတော့Cross-Currency Pairsလိုခေါ်ပါတယ်။ Cross-Currency Pairs တွေကို Crosses လို့ခေါ်ကြသလိုMinorsလို့လဲ ခေါ်ကြပါသေတယ်။ USD မပါတဲ့ Cross-Currency Pairs ထဲက အရောင်းအဝယ်အများဆုံး အခိုင်မာဆုံ Currency တွေကတော့EUR , JPY နှင့် GBPတို့ဘဲ ဖြစ်ပါတယ်။
အောက်ပါ Pairs တွေကတော့ Minor Currency Pairs တွေဘဲဖြစ်ပါတယ်ဗျာ။
Euro Crosses
Currency Pair
|
Countries
|
FX Geek Speak
|
EUR/CHF
|
Euro zone / Switzerland
|
“euro swissy”
|
EUR/GBP
|
Euro zone / United Kingdom
|
“euro pound”
|
EUR/CAD
|
Euro zone / Canada
|
“euro loonie”
|
EUR/AUD
|
Euro zone / Australia
|
“euro aussie”
|
EUR/NZD
|
Euro zone / New Zealand
|
“euro kiwi”
|
Yen Crosses
Currency Pair
|
Countries
|
FX Geek Speak
|
EUR/JPY
|
Euro zone / Japan
|
“euro yen” or “yuppy”
|
GBP/JPY
|
United Kingdom / Japan
|
“pound yen” or “guppy”
|
CHF/JPY
|
Switzerland / Japan
|
“swissy yen”
|
CAD/JPY
|
Canada / Japan
|
“loonie yen”
|
AUD/JPY
|
Australia / Japan
|
“aussie yen”
|
NZD/JPY
|
New Zealand / Japan
|
“kiwi yen”
|
Pound Crosses
Pair
|
Countries
|
FX Geek Speak
|
GBP/CHF
|
United Kingdom / Switzerland
|
“pound swissy”
|
GBP/AUD
|
United Kingdom / Australia
|
“pound aussie”
|
GBP/CAD
|
United Kingdom / Canada
|
“pound loonie”
|
GBP/NZD
|
United Kingdom / New Zealand
|
“pound kiwi”
|
Other Crosses
Pair
|
Countries
|
FX Geek Speak
|
AUD/CHF
|
Australia / Switzerland
|
“aussie swissy”
|
AUD/CAD
|
Australia / Canada
|
“aussie loonie”
|
AUD/NZD
|
Australia / New Zealand
|
“aussie kiwi”
|
CAD/CHF
|
Canada / Switzerland
|
“loonie swissy”
|
NZD/CHF
|
New Zealand / Switzerland
|
“kiwi swissy”
|
NZD/CAD
|
New Zealand / Canada
|
“kiwi loonie”
|
Exotic Currency Pairs
Major Currency တွေနဲ့ အခြား စီးပွားရေး အသင့်အတင့်ရှိသော ဘရာဇီး၊ မက္ကဆီကို တို့လိုနိုင်ငံတွေရဲ့ Currency နဲ့ တွဲဖက်လာတာကို Exotic Pairs လို့ခေါ်တာဖြစ်ပါတယ်။ မင်းရဲ့ Forex Broker အပေါ်မူတည်ပြီးတော့ Exotic Pairs တွေပါဝင်မှုဟာ ကွဲပြားနိုင်ပါတယ်။ အဲဒီ pairs တွေကို အရောင်းအဝယ်လုပ်ရင် သတိထားရမှာကတော့ Majors တွေ Minors တွေထက် ဝယ်ဈေးရောင်းဈေး ကွာခြားမှု တွေများပြီး တည်ငြိမ်မှုအားနည်းနိုင်ပါတယ်။
အောက်က စရင်းမှာတော့ အချို့ Exotic Currency Pairs တွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဒီစရင်းမှာ မပါပေမယ့် ဘယ်ဟာတွေက Exotic ဆိုတာကို ခွဲခြားနိုင်မယ် ထင်ပါတယ်။ Ok……
Currency Pair
|
Countries
|
FX Geek Speak
|
USD/HKD
|
United States / Hong Kong
| |
USD/SGD
|
United States / Singapore
| |
USD/ZAR
|
United States / South Africa
|
“dollar rand”
|
USD/THB
|
United States / Thailand
|
“dollar baht”
|
USD/MXN
|
United States / Mexico
|
“dollar peso”
|
USD/DKK
|
United States /
|
“dollar krone”
|
အပေါ်မှာပြောခဲ့သလိုပါဘဲ။ ပထမဆုံးလေ့လာသူတွေအတွက် ဆိုရင် Major Currency Pair တစ်ခုထဲကိုသာ အာရုံစိုက်ပြီးလေ့လာပါ။ Pair တွေကမျာတော့ အဲဒါတွေကိုကြည့်ရင်းနဲ့ ခေါင်းရှုပ်သွားနိုင်ပါတယ်။ ထို Major Pair များထဲမှ EUR/USD လောက်ကိုဘဲ ပိုမိုအာရုံစိုက်လေ့လာကြည့်ပါ။ Pairs တစ်ခုသဘောပေါက်သွားရင်း ကျန်တဲ့ အတွဲတွေရဲ့သဘောကိုလဲ သိသွားပါလိမ့်မယ်။ ဒါကြောင့် လေ့လာစမှာ Pair တစ်ခုခု ကိုဘဲ စွဲလေ့လာကြည့်ကြပါ။