OMM Intro



OMM ဆိုတာ 
OMM ဆိုတာကတော့ Online Money Myanmar ကို အတိုခေါ်ထားတာဖြစ်ပါတယ်။ ဒီ ဘလော့လေးမှာ Online ပေါ်မှာ ငွေရှာနည်းများကို လက်လှမ်းမှီသလောက် စုစည်းတင်ပြပေးမှာဖြစ်ပါတယ်။

Online ပေါ်မှာ ငွေတကယ်ရှာလို ရရဲ့လား ? 
ဟုတ်ကဲ့.... သေခြာပေါက်ငွေရှာလို့ ရပါတယ်။ ခုလက်ရှိမှာ ရှာဖွေရရှိနေသူတွေလဲ များစွာရှိပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက Online ပေါ်မှာ ငွေရှာရတာဟာ အသစ်လေးတွေအတွက်တော့ ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံဟာ အဘက်ဘက်က ပိတ်ဆို့ခံထားရတာတွေ၊ မြန်မာငွေကြေးကို ကမ္ဘာက အသိအမှတ် မပြုနိုင်တာ တွေကြောင့် ခက်ခဲမှု၊ အလိမ်ခံရမှုတွေ ဖြစ်နေပါတယ်။ ဒီ ဘလော့ရဲ့ ရည်ရွယ်ချက်ကလည်း အသစ်များကို တွဲခေါ်ပြီး၊ အလိမ်ခံရမှုတွေကနေ ကာကွယ်နိုင်အောင်လို့ဖြစ်ပါတယ်။

Online ပေါ်မှာ ဘယ်လိုနည်းတွေနဲ့ ငွေရှာလိုရနိုင်ပါသလဲ ?
Online ပေါ်မှာ ငွေရှာနည်းတွေကတော့ များစွာရှိပါတယ်။ ဒီထဲက မြန်မာပြည်မှာပြုလုပ်မှုအများဆုံး နည်းများကို အနည်းငယ်ရှင်းပြလိုပါတယ်။
1. Online Shopping
Online Shopping ဆိုတာကတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ ပြည်တွင်းကဘဲဖြစ်ဖြစ် ပြည်ပကဘဲဖြစ်ဖြစ် ကိုယ့်ကုန်ပစ္စည်းကို Online Social Network တွေ Website တွေကနေ ဖြန့်ဖြူးရောင်းချပြီး အမြတ်ယူတာဖြစ်ပါတယ်။ Online Shopping မှာ ကိုယ်တိုင် ရောင်းချတာနဲ့ Order ကောက်ပေးတာမျိုး ဆိုပြီး နှစ်မျိုးရှိပြန်ပါတယ်။ ကိုယ်တိုင်ရောင်းချတာကတော့ ကိုယ့်ပစ္စည်းကိုယ် ကြော်ညာမယ်၊ Order ရှိလာရင် ဝယ်တဲ့သူဆီပို့ပေးမယ်ပေါ့။

Order ကောက်ပေးတာကတော့ တိုက်ရိုက်ရောင်းသူနဲ့ ဝယ်သူကြားမှာ ပွဲစားလုပ်တဲ့သဘောပါ။ ကိုယ့် ပတ်ဝန်းကျင် ကိုယ့်ဖန်တွေကို ပြန်လည်ဖြန့်ဖြူးတာပေါ့ဗျာ။ အဲဒီမှာ ကိုယ့်က Online မှာရောင်းနေတဲ့ ကောင်းနိုးရာရာပစ္စည်းလေးတွေကို ကိုယ့်ပေ့ ကိုယ့် Website မှာ တင်မယ်။ ဝယ်သူရှိလာခဲ့ရင် အဲဒီစရင်းကို တိုက်ရိုက်ရောင်းသူကို ပေးလိုက်မယ်။ ဒါပါဘဲ... ။ အဲဒီလို ရောင်းချနိုင်တဲ့ Website တွေများစွာရှိပါတယ်။ တစ်ချို့ဆိုရင် 20% လောက်အထိကို ပေးပါတယ်။
(အသေးစိတ်ပြုလုပ်နည်းများကို မကြာခင်တင်ပေးသွားပါမယ်။)
2. Forex & Gold Trading
Forex & Gold Trading ဆိုတာကတော့ နိုင်ငံတကာမှာလည်း အများအပြား ကြီးကြီးကျယ်ကျယ်လို လုပ်ကိုင်ကြတဲ့ လုပ်ငန်းပါ။ Stock Share နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့် ပညာရှင်ဆန်မှ ပုံမှန်ဝင်ငွေရနိုင်ပါတယ်။

ဒီလုပ်ငန်းဟာ သေခြာလေ့လာ သေခြာတတ်ကျွမ်းမှ လုပ်သင့်တဲ့အလုပ်တစ်ခုပါ။ Forex Market တွေဟာ အင်မတန်မှ မာယာများလှပါတယ်။ ဒီနိုင်ငံမှာတော့ ဒီလုပ်ငန်းကို ဝင်ငွေကောင်းမယ် လွယ်လွယ်ငွေရမယ်လို့ ဆွဲဆောင်တဲ့ ပွဲစားတွေကြောင့် အနည်းငယ် နာမယ်ပျက်နေပေမယ့် နိုင်ငံတကာမှာ အင်မတန်ဖြစ်ထွန်းနေတဲ့ ပညာရှင်ဆန်တဲ့ ငွေရှာနည်းတစ်ခုဖြစ်ပါတယ်။
(အသေးစိတ်ပြုလုပ်နည်းများကို မကြာခင်တင်ပေးသွားပါမယ်။) 

3. Advertisement (Ads)
Online ကြော်ညာလုပ်ငန်းဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာလည်း အင်မတန်အောင်မြင်နိုင်တဲ့ လုပ်ငန်းပါ။ Facebook တို့ Google တို့တွေဟာ ကျွန်တော်တို့ကို Service Free ပေးတယ်ဆိုတာ သူတို့ကိုယ်တိုင်က အဲဒီ Ads ကြော်ညာလုပ်ငန်းနဲ့ ရပ်တည်ကြလို့ဖြစ်ပါတယ်။ 
Facebook ကနေ ဝင်ငွေရနိုင်ပါတယ်။ Google ကနေလည်း ဝင်ငွေရအောင် ရှာနိုင်ပါတယ်။ အခြားသော Ads ဆိုဒ်နှင့် ကြော်ညာဖြင့်ငွေရှာနည်းများလည်း ရှိပါသေးတယ်။ 

လိုအပ်ချက်ကတော့ လူဝင်အကြည့်များတဲ့ Facebook page သို့ Website တစ်ခုပါဘဲ။ deposit ငွေသွင်းစရာမလိုအပ်ပါဘူး။
(အသေးစိတ်ပြုလုပ်နည်းများကို မကြာခင်တင်ပေးသွားပါမယ်။ ဒီနည်းနဲ့ငွေရှာလိုသူများကို နည်းပညာပိုင်း ငွေထုပ်ယူမှုအပိုင်းများကို အသေးစိတ်ကူညီပေးပါတယ်။) 

4. Betting (လောင်းကစား)
Online Betting ဟာ အင်မတန် အလိမ်အခေါက်များလှပါတယ်။ အပြင်က ကာစီနိုများတောင်မှ ဒိုင်စားရဖို့ အားသာအောင် ပရိုဂရမ်များရေးထားကြတာဖြစ်လို့ Online ပေါ်က ဖဲရိုက်တာတို့ ကာစီနိုတို့ဟာ အင်မတန် ကြောက်စရာကောင်းတဲ့ အရာတွေဖြစ်ပါတယ်။
ဒါပေမယ့် ကိုယ့်ကြွမ်းကျင်မှုနဲ့ အမြတ်ယူနိုင်တဲ့ လိမ်မှာခေါက်မှာ စိတ်ပူစရာမလိုတဲ့ လောင်းကစားနည်းတွေတော့ ရှိပါတယ်။ 
အဲဒါတွေကတော့ အပေါ်ကပြောတဲ့ခဲ့ Forex & Gold Market မှာ လောင်းကစားတဲ့နည်းတွေ ( လောင်းကစားနဲ့ Trade ဟာ မတူပါဘူး။ လောင်းကစားမှာက အဲဒီ Market ကိုခြေပြုပြီး လောင်းကစားနည်း ပြုလုပ်ထားတာဖြစ်ပါတယ်။) ဘောလုံးပွဲလောင်းတာတွေ ကတော့ ကိုယ့်ရဲ့ ကြွမ်းကျင်မှုကို အသုံးပြုပြီး ငွေရှာနိုင်တာဖြစ်ပါတယ်။ ငွေအလိမ်ခံရမှာကို 99% အာမခံနိုင်ပါတယ်။
(အသေးစိတ်ပြုလုပ်နည်းများကို မကြာခင်တင်ပေးသွားပါမယ်။ ဘောပွဲလောင်းတာမှာဆိုရင် ပွဲပြီးခါနီး ၁ မိနစ်အလိုအထိ ကစားနိုင်ပြီး ပွဲတစ်ပွဲကို ကစားနည်းပေါင်း ၅၀ လောက်ကြေးဖွင့်ပါတယ်။ သင်သာ ဘောလုံးလောင်းကစားကို အတော်တန်ကြွမ်းကျင်သူ ဆိုရင် ဒီလို ကစားနည်းကနေ ပုံမှန်အမြတ်ယူနိုင်ပါလိမ့်မယ်။) 

5. Mining & Investment
Mining နှင့် Investment တွေကတော့ ငွေရင်းထည့်ထားလိုက်တာနဲ့ ပုံမှန်ဝင်ငွေရနေမှာ မျိုးဖြစ်ပါတယ်။ Mining မှာတော့ 99% ယုံကြည်စိတ်ချရတဲ့ Site တွေရှိပါတယ်။ Investment ကတော့ ယုံကြည်ရတဲ့ ဆိုဒ်နည်းပါတယ်။ ဒါပေမယ့် ဒီနှစ်ခုလုံးဟာ တစ်စုံတစ်ရာ ကျွမ်းကျင်မှုမလိုအပ်ဘဲ ငွေရင်းထည့်ထားယုံနဲ့ Auto အတိုးပုံစံရနေတာကတော့ သူရဲ့ အားသာချက်ပါ။
(အသေးစိတ်ပြုလုပ်နည်းများကို မကြာခင်တင်ပေးသွားပါမယ်။) 

6. Free Money
ဒါကတော့ Free ငွေစုတာဖြစ်ပါတယ်။ Online ပေါ်မှာ ကြော်ညာတွေ ကြည့်ရင်း။ သူပေးထားတဲ့စာတွေ ရိုက်ထည့်ရင်း။ သူကြည့်ခိုင်တဲ့ Website တွေကို ကြည့်ပေးရင်နဲ့ ငွေရင်းနှီးစရာမလိုဘဲ Free ငွေရှာနိုင်ပါတယ်။ ဒါပေမယ့် ငွေရယ်၊ ကျွမ်းကျင်မှုရယ် မပါတဲ့အတွက် အချိန် ပေးရပါတယ်။ Internet free ရပြီး အလုပ်အားလပ်သူများသာ အဆင်ပြေမယ့် အလုပ်ဖြစ်ပါတယ်။ မူးစု ပဲစုနဲ့ စုရမှာဖြစ်ပါတယ်။
(အသေးစိတ်ပြုလုပ်နည်းများကို မကြာခင်တင်ပေးသွားပါမယ်။) 

6. Freelance Online Job
ဒီဟာကတော့ ကိုယ့်ရဲ့ ကျွန်းကျင်မှု များနှင့် Online ပေါ်မှာတင် အလုပ်လုပ်ကြတာဖြစ်ပါတယ်။ Local အတွင်းဖြစ်နိုင်သလို... နိုင်ငံခြားနှင့် ဆက်သွယ်ပြီး အလုပ်လုပ်တာများလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အားဖြင့်ပြောရရင် ဒီဇိုင်တစ်ခုကို Online ပေါ်မှာ တင်အလုပ်လက်ခံပြီး Online ပေါ်ကတင် ဖြေရှင်းပေးတယ်ပေါ့....။ နောက် ဘာသာပြန် လုပ်ငန်းတွေ လုပ်ပေးတယ်.. ။ ဆောင်းပါးတွေရေး တယ် စသည်ဖြင့်ပေါ့..။  ဒီ လုပ်ငန်းကို လုပ်မယ်ဆိုရင် နိုင်ငံခြားက Freelance Websit တွေမှာ လုပ်ကိုင်နိုင်ပါတယ်.. ။ လိုအပ်ချက်တွေ အနေနှင့်ကတော့ ကျွန်းကျင်ရာ ဘာသာရပ်တစ်ခုနှင့် English ကျွမ်ျးကင်ရပါလိမ့်မယ်..။
(အသေးစိတ်ပြုလုပ်နည်းများကို မကြာခင်တင်ပေးသွားပါမယ်။)


1 comments: