Bitcoin အကောင့်ဖွင့်နည်း

BTC ဆိုတာကတော့ online ရွှေတစ်မျိုးပါပဲ။ Online Payment အနေနဲ့ အသုံးပြုပါတယ်။ BTC ဆိုတာ Bitcoin ရဲ့အတိုကောက်ပါ။

BTC ရဲ့တန်ဖိုးကို >>ဒီမှာ<< ကြည့်နိုင်ပါတယ်။

အခု အဲဒီ BTC ကိုသိမ်းဖို့အတွက် Wallet ဖွင့်ပုံဖွင့်နည်းကိုပြောပြပါမယ်။ BTC Wallet တွေအများကြီးရှိပါတယ်။ အခုဟာကတော့ Blockchain မှာဖွင့်မှာပါ။

**************************************************************************
Step_1
  •  အရင်ဆုံး wallet ဖွင့်ရန် >> ဒီကို << သွားပါ။ ပြီးရင် Get A Free Wallet ကိုနှိပ်ပါ။

**************************************************************************
Step_2
  •  Email နေရာမှာ သင့် gmail (သို့) email ကို ထည့်ပါ။
  •  New Password နေရာတွင် သင်ထားမယ့် Password ကိုထည့်ပါ။ password ကို အင်္ဂလိပ် စာလုံး အကြီး၊ အသေး၊ အင်္ဂလိပ် ဂဏန်း၊ သင်္ကေတ (!@#%^* ,etc... ) တစ်ခုစီပါအောင် ထည့်ပါ။
  • Confirm Password နေရာမှာ အပေါ်မှာ ထည့်ခဲ့တဲ့ password ကို ပြန်ရိုက်ပေးပါ။
  • I have read ..... (ဘလာ ဘလာ ) မှာ အမှန်ခြစ်လေး ထည့်ပေးလိုက်ပါ။
  • CONTINUE  ကိုနှိပ်ပါ။


**************************************************************************
Step_3
  • ဒီနေရာကို ရောက်ပြီဆိုရင်တော့ သင့်ရဲ့ BTC Account ဖွင့်ခြင်းဟာ အောင်မြင်သွားပါပြီ။
  • Get Started ကို နှိပ်လိုက်ပါ။


**************************************************************************
Step_4
အကောင့်ဖွင့်ခြင်း ပြီးဆုံးသွားပြီဆိုပေမယ့် လုပ်ဆောင်စရာအချို့က ကျန်ရှိလို့နေပါသေးတယ်... အယ်လယ်။
  • SECURITY CENTER ထဲကို ဝင်ဖို့ သူ့အပေါ်မှာ အလစ်တစ်ချက်နှိပ်လိုက်ပါ။



**************************************************************************
Step_5
ပထမ Level 1 ( အစိမ်းနုရောင် ဘောင်ခပ်ပြထား) ကတော့ သင့် password မေ့သွားခဲ့ရင် ပြန်လည် ရယူနိုင်ဖို့ လုပ်ဆောင်သင့်တဲ့အရာပါ။ လုပ်ဆောင်ထားသင့်ပါတယ်။


Step_5.1
  • ပထမဆုံး သင့်ရဲ့ Email Verify လုပ်ရပါမယ်။ သင့်ရဲ့ email (သို့) gmail ကို ဝင်စစ်ကြည့်ပါ။ blickchange ကပို့ထားတဲ့ mail တစ်စောင် ရောက်နေပါလိမ့်မယ်။ အဲဒိမေးကို ဖွင့်လိုက်ရင် အောက်ပါပုံ အတိုင်းတွေ့ရပါမယ်။
  • YES, THIS IS MY EMAIL ဆိုတာလေးကို နှိပ်လိုက်ပါ။
  • အဲ ဒီနေရာမှာ တစ်ခု မှတ်စရာရှိတာကတော့ YES, THIS IS MY EMAIL ရဲ့ အောက်နားလေးက Your Wallet ID :  .... (ဘလာ.. ဘလာ.. ဘလာ) ဆိုတဲ့ ဟာပါ။ နောင်တစ်ချိန် (လိုရင်မှလိုပါမယ်)  Login ဝင်မယ်ဆိုရင် အဲဒီနောက်က ဟာလေးတွေကို Wallet ID နေရာမှာ ထည့်ပေးရပါလိမ့်မယ်။

Step_5.2
အောက်က ပေ့ကို ရောက်သွားပြီး အောက်ပါပုံအတိုင်းပြခဲ့မယ် ဆိုရင်တော့ သင့်ရဲ့ Email Verify Process ဟာအောင်မြင်သွားပါဘီ...... အယ်လယ်။
  • ပြီးရင် ဘယ်အပေါ်ထောင့်က အနီဘောင်ခပ်ပြထားတဲ့ BLOCKCHAIN ထဲကို ဝင်လိုက်ပါ။
  • အဲဒိကနေမှ ညာအပေါ်ထောင်မှာ Login ဆိုတဲ့ button လေး တစ်ခုတွေ့ပါလိမ့်မယ်။ ပုံမပြတော့ဘူး နော်.. အဆင်ပြေမယ်ထင်ပါတယ်။


Step_5.3

  • ဆိုရင်တော့ login page ကို ရောက်ရှိလို့လာပါပြီ။ 
  • အဲဒီမှာ ပုံမှန်အားဖြင့်ဆိုရင် Wallet ID နေရာမှာ သူအလိုလို ဖြည့်ပေးပြီးသားဖြစ်ပါတယ်။ အကယ်လို့ အလိုလိုမဖြည့်ပေးခဲ့ရင် (တကယ်ကတော့ ဖြည့်ကိုဖြည့်ပေးပါတယ်.. ဟီး)  အပေါ်မှာပြောခဲ့တဲ့ Email ထဲကို ဝင်ယူရင်ရပါလိမ့်မယ်။
  • password နေရာမှာ ကိုယ့်ပေးခဲ့တဲ့ password ကိုယ်ပြန်ရိုက်ပါ။ (မှတ်မိကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်)
  • LOG IN ကို နှိပ်ပါ။


**************************************************************************
Step_6
  • Log in  ဝင်ပြီးတဲ့ အခါမှာ Step_4 မှာ လုပ်ခဲ့သလို SECURITY CENTER ထဲကို ဝင်ပါမယ်။ မပြီဆုံးနိုင်သေးတဲ့ နောက်အဆင့်တွေ ထပ်လုပ်ကြမယ်ပေါ့။ ခု အစိမ်းနုရောင် ဘောင်ခပ်ပြထားတာကတော့ Backup Recovery Phrase ပါ။ သူက key တစ်ခုထည့်ထားမယ်။ password recovery လုပ်တဲ့အခါမှာ အဲဒီ key ကို ပြန်ရိုက်ပေးရမယ်ပေါ့။ သေခြာမှတ်ထားဖို့လိုပါတယ်။ လုံးဝမမေ့အောင် မှတ်ထားပေးပါ။ အသုံးရနည်းလို့ မေ့တတ်ပါတယ်။  
  • Backup Phrase ဆိုတဲ့ button လေးကို နှိပ်မယ်။

Step_6.1
  • ဒီမှာတော့ ဒီ Phrase key ကအရေးကြီးကြောင်း၊ online နဲ့ browser တွေမှာ မဆေ့ထားသင့်တဲ့အကြောင်း၊ offline အနေနဲ့သာ ဆေ့ထားသင့်ကြောင်း သတိပေးထားတာဖြစ်ပါတယ်။
  • Next  ကို နှိပ်ပြီး ဆက်သွားပါမယ်။

Step_6.2
  • ဒီအဆင့်မှာတော့ သေခြာမှတ်ရမယ့် အဆင့်ရောက်ပါပြီ။ အဲဒီမှာ စကားလုံး ၁၂ လုံးရှိပါမယ်။ ပထမတော့ ၄ လုံးဘဲမြင်ရမယ်။ အဲဒါတွေကို ချကူးထားပါ။ သေသေခြာခြာ ကူးထားဖို့ တိုက်တွန်းပါတယ်။
  • ဒီလေးလုံးကူးချပြီးရင် Next 4 words -> ဆိုတာလေးကို နှိပ်ပါ ။ တစ်ခါကို လေးလုံးနဲ့ နောက်ထပ် နှစ်ဆင့်ဆိုရင် စကားလုံး ၁၂ လုံးကူပြီးဖြစ်ပါလိမ့်မယ်။ 
  • စကားလုံး ၁၂ လုံးကို ကူးပြီးသွားပြီဆိုရင်တော့ Final Step ဆိုတဲ့ အပြာရောင် ခလုပ်လေး လင်းလာပါလိမ့်မယ်။ အဲဒါလေးကို နှိပ်ပေးပါ။ 


Step_6.3

  • အားလုံးပြီးသွားတဲ့အခါ အောက်မှာ ပြထားသလို သင့်အနေနဲ့ သူပေးထားတဲ့ key တွေကို မှတ်ထားတာသေခြာလား၊ မှတ်တာများမှားနေသလားဆိုတာကို ပြန်စစ်ပါတယ်။ 
  • Eighth word ဆိုရင် ၈ခုမြောက် စကားလုံးကို ရိုက်ထည့်ပေးလိုက်ပါ့ စတဲ့အတိုင်း အစိမ်းဘောင်ခပ်ထားတဲ့နေရာတွေမှာ ရိုက်ထည့်ပေးရပါမယ်။ 
  • ပြီးသွားတော့ Finish ကိုနှိပ်လိုက်ပါ။ ဟူး..... များလိုက်တဲ့ အဆင့်တွေ။

Step_6.4
  • ဒီအောက်ကပေ့ ကို မြင်ရပြီဆိုတော့ အားလုံးအဆင်ပြေပြေနဲ့ ပြီးသွားပါပြီ။ Close ကိုသာ ပျော်ပျော်ကြီးနျှိပ်လိုက်ပါတယ်။ 
  • အကယ်လို့ Verify စကားလုံးပြန်ရိုက်တာမှာ တစ်ခုခုမှားနေရင်တော့ Step_6.2 လောက်ကနေ ပြန်စလုပ်ရပါလိမ့်မယ်။

************************************************************************
Step_7
  • ဒီအဆင့်ကတော့ ကိုယ့် password ကို မှတ်မိစေဖို့ သဲလွန်စပေးတဲ့ စာပါ။ ဥပမာ ကျွန်တော်က ကျွန်တော့နာမယ်ကို password ပေးထားရင် Password Hint မှာ This is my name. စသည်ဖြင့်ရေးမှာပေါ့ဗျာ။ အဲဒိသဘောပါ။ ကိုယ့် Password ကို ပြန်အမှတ်ရစေမယ့် စကားလုံးများကို ရေးပေးကြပါ။ Password တိုက်ရိုက်ကြီး မဖြစ်ပါစေနဲ့။ မွေးနေ့ကို password ရေးပြီးလဲ Hint မှာ This is my birthday လိုပေးထားရင်လဲ သင့်မွေးနေ့ကို တနည်းနည်းနဲ့ ဟက်ကာက သိခဲ့ရင် အဆင်မပြေပါဘူး။ 
  • အဆင်ပြေအောင် စဥ်းစားပြီး ရိုက်ထည့်ပြီးသွားရင်တော့ Save ကိုနှိပ်လိုက်ပါ။ အောင်မြင်အဆင်ပြေစွာ ပြီးဆုံးသွားပါပြီ။
  • SECURITY CENTER ဘေးက အတန်းလေးလဲ ခုဆို အဝါရောင်ပြောင်းသွားပါပြီ။

1 comments:

bitcoinအကောင့်ဝင်ရင်ဘယ်Bitcoin app ကိုသုံးရမှာလဲခင်ဗျာ.bitcoinကများလို့ပါ