Perfect Money ဆိုတာ အွန်လိုင်းငွေပေးချေမှုစနစ် ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာ ငွေကြေးလဲလှယ်မှု ၀န်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေ အများကြီးရှိပါတယ်။
PayPal, Payza, Perfect Money, EgoPay စသည်ဖြင့် အများကြီးရှိပါတယ်။
ဒီအထဲက မြန်မာပြည်မှ IP Address ဖြင့်အလွယ်တကူဆောင်ရွက်လို့ရပြီး၊
Perfect Money အကောင့်ဆောက်ခြင်းကို လူတိုင်းတတ်ကျွမ်းနားလည်နိုင်အောင် ပုံများ၊ စာများဖြင့်
အသေးစိတ် တင်ပြပေးလိုက်ပါတယ်။
ဒီနေရာမှာ မှတ်ထားစရာလေးတွေပြောပါမယ်။
Password ဖြည့်ရင် စာနဲ့ ဂဏန်း နှစ်မျိုးစလုံး ပါအောင်ရေးပါ။ (ဥပမာ- 123aungzawpaing)
အောက်က ပုံ No.1 မှာ ပြထားတဲ့အတိုင်း ဖြည့်ပါ။
ဒီနေရာမှာ ဇစ်ကုတ် ကိုပြောဖို့လိုမယ် ထင်ပါတယ်။ စာတိုက်သတ္တာအမှတ်ပေါ့ဗျာ။ ကျုပ်တို့ဆီမှာ က စာပို့တာသိပ်မတွင်ကျယ်တော့ သိပ်မသိကြဘူး။ အဆင်ပြေရာ နံပတ်လေးလုံးထည့်နိုင်ပါတယ်။
အားလုံး ပြည့်စုံမှန်ကန်တယ်ဆိုရင် အောက်ကပုံလို Welcome! ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။
စာထဲမှာ Perfect Money ရဲ့ Member ID ကို မိမိအကောင့်ဆောက်စဉ်က ဖြည့်ခဲ့တဲ့ Email ထဲကို ပို့လိုက်ပြီဆိုတဲ့အကြောင်းရေးထားတာတွေ့ရမှာဖြစ်ပါတယ်။
ဒီလိုဆိုရင် ကိုယ့် E-mail ကိုစစ်ကြည့်ပါ။
Member ID ဆိုတာ Perfect Money ကို login ၀င်တဲ့အခါမှာ သုံးတဲ့ ဂဏန်းနံပါတ်ဖြစ်ပါတယ်။
ဒီနေရာမှာ အနည်းငယ်ရှင်းပြချင်ပါတယ်။
အခြား Gmail၊ Facebook တွေဟာ အကောင့်ကို Login ၀င်တဲ့အခါမှာ သုံးတာ User Name (Or)
Account Email ဖြစ်ပါတယ်။ Perfect Money မှာတော့ အကောင့် Login ၀င်တဲ့အခါမှာ Member ID ကိုအသုံးပြုပါတယ်။
ဒါ့ကြောင့် မိမိရဲ့ Member ID ကို အသေချာ မှတ်ထားဖို့လိုပါလိမ့်မယ်။
Member ID ကို မိမိအကောင့်ဆောက်စဉ်က ဖြည့်ခဲ့တဲ့ Email ထဲမှာ သွားကြည့်ရမှာဖြစ်ပါတယ်။
တစ်ချို့က Mail ထဲမှာ ရှာမတွေ့ဘူး၊ ရောက်မလာဘူးပြောကြပါတယ်။
အဲ့လိုဖြစ်လာရင် မိမိရဲ့ Email မှန် မမှန်ပြန်စစ်ပါ။ Email လည်းမှန်တယ်၊ Mail Inbox ထဲမှာမတွေ့ဘူး ဆိုရင် Spam Box ထဲမှာသွားကြည့်ပါ။ ဒါမှမတွေ့ရင် All Mail ထဲမှာသွားစစ်ကြည့်ပါ။
တွေ့ရပါလိမ့်မယ်။ အောက်က ပုံနံပါတ် ၃ ကိုကြည့်ပါ။
ဒါဆို PerfectMoney အကောင့်ဆောက်ခြင်း ပြီးဆုံးသွားပါ့ပြီ။
အဲဒီမှာ Member ID ထည့် ကိုယ်ပေးခဲ့ တဲ့ Password ထည့်ပါ။
ပြီရင် Turing number မှာ အောက်က ပုံမှာပေးထားတဲ့ ဂဏန်းတွေကို ရိုက်ထည့်ပေးပါ။ ဒါက Account Security အတွက်ပါ လူကိုယ်တိုင်က login လုပ်နေတယ် ဆိုတာကိုသိစေချင်လို့ လို့ဘဲမှတ်ထားပေးပါ။ အဲဒါက login ဝင်တာ တစ်ခါနဲ့ တစ်ခါတူမှာ မဟုတ်ပါဘူး။
ဒီလိုဆိုရင် Perfect Money Account ဖွင့်တာ ပြီးသွားပါပြီ။
Perfect Money အသုံးပြုနည်း
ဟုတ်ပါပြီ ..... သင် login ဝင်လိုက်ပြီဆိုတာနဲ့ အောက်က ပုံ အတိုင်း မြင်ရပါမယ်။ အဲဒီထဲမှာ USD အတွက် ရှိမယ် EUR အတွက် ရှိမယ်ပေါ့ဗျာ။ ကျွန်တော်တို့ က USD ဘဲ အဓိက သုံးမှာပါ။
သင့် PM add ပြောဆိုရင် အဲဒီမှာ အစိမ်းပုံလေးနဲ့ $ နောက်က U98..... အဲဒါကို ပြောရပါတယ်။
သင့် ကငွေလွှဲပေးမယ် ဆိုရင်လဲ သူ့ အဲဒီ Address ကိုတောင်းရပါတယ်။ အိုကေ.......။
အဲဒီမှာ အပေါ်ဆုံးက Send Money ဆိုတာလေးကို နှိုပ်လိုက်ပါ။
အဲဒီမှာ Single Payment ကိုနှိုပ်ပါ။
Amount မှာ သင့် သူကို ပေးလိုတဲ့ ပမာဏ ထည့်ပါ။
To Account မှာ ခုဏက ပြောခဲ့ တဲ့ U....... အဲဒီနံပတ်ထည့်ပြီး Payment Preview ကိုနှိုပ်ပါ။
ပြီး ရင် Confirm Payment ဆိုရင် သင့်ပို့တဲ့ ငွေသူဆီရောက်သွားပါပြီ။
အိုကေ.....။ အဆင်ပြေပါစေ........

1 comments:
Make $500 a day from home with SocialRebel.
We get paid for testing apps, sharing our opinion and referring friends.
You get $50 just for signing up and people are making tons of money!
https://share.socialrebel.co/chillidome
🔥 Signup using my link and get $50 now!💰✅
#SR #SocialRebel #Easymoney #makemoneyonline #viral #explore #explorepage #fyp